အိမ်ငှားရန်ရှိသည်။.....ပိုင်ရှင်ကိုယ်တိုင်ငှားမည်..... လမ်းမတော်..... ရွှေတောင်တန်းလမ်း..... မြေညီထပ် (ထပ်ခိုးပါ) ...... နှင့်..... ပထမထပ် Hall type..... ငှားမည်။..... ph;210882,..... 0943088253
စာလုံးအရွယ်ပြောင်းရန် ► ► [ သေး ] ◄ ◄ [ ပုံမှန် ] ► ► [ ကြီး ] ► ► [ ပိုကြီး ]

Tuesday, January 03, 2012

နဂါးများ ဘုရားဖူးလာတဲ့ ဗုဒ္ဓခြေတော်ရာ ဗုဒ္ဓပူဇနိယပွဲ

Bookmark and Share Simon Rau | 9:01 PM | | Best Blogger Tips
from သစ်ထူးလွင် Myanmar News Now by သစ်ထူးလွင်

 (သတင်း-ရုပ်သံ-ဓါတ်ပုံ)
မြတ်စွာဘုရားခြေတော်ရာ အနီးကပ်...
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မုန်စဲကျွန်းရှိ ဗုဒ္ဓပါဒ ခြေတော်ရာ ဘုရားပွဲအား ဇန်နဝါရီ (၆-၇-၈) နေ့တွင် ပြည်တွင်း၊ ပြည်ပ သာသနာပြု ကျေးဇူးတော်ရှင် ဒေါက်တာ ဘဒ္ဒန္တအရိယဝံသ အလိုတော်ပြည့် ဆရာတော်ကြီးနှင့်အတူ ရခိုင်ပြည်နယ်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ အဆိုပါ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ပါသောကြောင့် ဘုရားအမှူးပြုသော ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် (၁၀၈) ပါးအား ဂဏာနို့ဆွမ်း ကပ်လှူပြီး လှူဖွယ်သတ္ထုပစ္စည်းများ ကပ်လှူပူဇော်ပြီး အဆိုပါ ပွဲတော်ရက်များတွင် ရခိုင်ရိုးရာ ယဉ်ကျေးမှုများနှင့်အတူ ဇာတ်သဘင်ပွဲအငြိမ့်များ၊ ဈေးပွဲတော်များ ကျင်းပပြုလုပ်မည်ဟု သိရသည်။
မုန်စဲကျွန်းပါဒ ခြေတော်ရာ၏ ထူးဆန်းအံ့ဖွယ်များမှာ သမုဒ္ဒရာ ပင်လယ်မှလာသော လှိုင်းတံပိုးများသည် ပြင်းထန်သော လေမုန်တိုင်းကြောင့် ကြီးစွာသော လှိုင်းတံပိုးများ ရိုက်ခတ်ငြားသော်လည်း ခြေတော်ပေါ်သို့ ကျော်လွန်၍ မသွားခြင်း၊ လေမုန်းတိုင်း တိုက်ခတ်၍ လှိုင်းတံပိုးသည်းထန် ဖြစ်သော်လည်း ခြေတော်ရာ အနီး၌ ၎င်းလှိုင်းတံပိုးများသည် ရေပန်းများအသွင် ပါဒခြေတော်ရာကို ဖူးမြှော်ခြင်း၊ မကြာခဏ အဆိပ်ပြင်းထန်သော၊ နီသော အဆင်းရှိသော မြွေကြီးများ ခြေတော်ရာသို့ လာရောက်ပတ်ခွေကာ အထင်အရှား ဖူးမြှော်ခြင်းကို တွေ့ရခြင်း၊ ပင်လယ်မှ စက်လှေသင်္ဘောများ ခုတ်မောင်းသွားသည့်အခါ ရေများ ကွဲပြီး လှိုင်းတံပိုး ဖြစ်သကဲ့သို့ ခြေတော်ရာအနီး၌ ဖြစ်ပေါ်လာပြီး သုံးနှစ်တစ်ကြိမ် ရေနဂါးများ မြူးထူးပျော်ပါးသည်ကို တွေ့မြင်ရခြင်း၊ မိမိ၏ ခိုင်မြဲစိတ်ကြံ အဓိဋ္ဌာန်ဖြင့် ယုံကြည်ချက်တစ်ခုကို အဓိဋ္ဌာန် ပြုပါက အောင်မြင်ခြင်း စသည်တို့ ဖြစ်သည်။ မုန်စဲကျွန်း ပါဒခြေတော်ရာသို့ သင်္ဘောဖြင့် စစ်တွေမှ ရသေ့တောင် (၃ နာရီ ဝန်းကျင်)၊ ရသေ့တောင်မှတဆင့် မုန်စဲကျွန်းသို့ သင်္ဘောဖြင့် တစ်နာရီကျော်) သွားနိုင်ကြောင်း၊ စစ်တွေ-ရသေ့တောင် ခရီးစဉ်မှာ နေ့စဉ် ရှိသော်လည်း ရသေ့တောင်-မုန်စဲကျွန်း သင်္ဘောမှာ စနေနှင့် တနင်္ဂနွေသာ ပြေးဆွဲပြီး ထိုရက်တွင် စစ်တွေမှတဆင့် နေ့ချင်းပြန် ဖူးမြှော်နိုင်ကြောင်း သိရသည်။

Source: The article first appeared on news.yatanarpon.com.mm

နဂါးများဘုရားဖူးလာတဲ့ (ရုပ်/သံ)

video



တော်တော်ဝေးဝေး တစ်နေရာမှ ဆွဲရိုက်ထားတာပါ...
ဒါကတော့ ရောက်ခါနီးလေးမှာ ရိုက်ထားလိုက်တာပါ...
ဗုဒ္ဓပါဒခြေတော်ရာ (ခြေရာတော်ရွာ) ရဲ့ အ၀င်ဝ...
ဈေးတန်းလေး (၀ယ်စားမဲ့သူလည်းမတွေ့ပါဘူး...)
အ၀င်ဝနားမှာ တည်ရှိတဲ့ နဂါးရုံဘုရားတစ်ဆူ...
စေတီသာတစ်ဆူ...
နဂါးရုံဘုရားနောက်ထပ်တစ်ဆူ...
ဒါကတော့ ခြေတော်ရာကို သွားရာလမ်း အ၀င်ဝ...
တကယ်သာယာတဲ့ လမ်းလေးပါပဲ...
ခြေတော်ရာတောင် နောက်ခံမြင်ကွင်းနဲ့...
ပဉ္စ၀ဂ္ဂီငါးဦးကို တရားဦးဟောကြားနေပုံ...
ဒါကတော့ ခြေတော်ရာတောင်လို့ခေါ်တဲ့ တောင်ကို အနီးကပ်...
မြတ်စွာဘုရားခြေတော်ရာ...
မြတ်စွာဘုရားခြေတော်ရာ အနီးကပ်...
နဂါးတစ်ကောင် လာရောက်ဖူးမျှော်နေဟန်...
ခြေတော်ရာတည်ထားရာ...
ဗုဒ္ဓပါဒ ခြေတော်ရာ ရဲ့ ထူးဆန်းအံ့ဖွယ်များ...
ဒါကတော့ အပေါ်က စာသားနဲ့တစ်ဆက်တည်း ဗီနိုင်းပါ...
ဒါလည်း တစ်ဆက်တည်းပါပဲ...
ဒါကတော့ အဝေးကနေ ခြုံပြီးလှမ်းရိုက်လိုက်တာပါ...

ဇင်မျိုး(ဓါတ်ပုံ-ဗွီဒီယို)

ဒီပို့စ်မှာပါတဲ့ ဗီဒီယိုလေးကိုလိုချင်ရင် အောက်မှာ ဒေါင်းယူနိုင်ပါတယ်။

Download>>>[ mediafire ] [ 4shared ]

0 ဝေဖန်စာ:

Comment here